သန္တာမြီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သမိုင်းအကျဉ်းချုပ်
၂၀၀၆-၂၀၀၇ ခုနှစ်၊ ပညာသင်နှစ်မှစတင်၍ ဆင်းရဲနွမ်းပါးသည့် မူလတန်းအရွယ် ကလေးငယ်များနှင့် မိဘမစုံလင်သည့် မူလတန်းအရွယ်ကလေးငယ်များအား ပညာသင်ကြားနိုင်ရေးအတွက် အ.ထ.က.(၁)၌ ကျောင်းအပ်ကာ “သန္တာမြီအဖိုးအဘောင်ဓမ္မရိပ်သာ”၌ စားဝတ်နေရေးတို့ကို အခမဲ့ကူညီခဲ့ကြပါသည်။ ၂၀၀၇-၂၀၀၈ ခုနှစ်၊ ပညာသင်နှစ်တွင် မူလတန်းနှင့် အလယ်တန်း ကျောင်းသူ၊ ကျောင်းသားများအား တိုးမြှင့်ပြီး စားဝတ်နေရေးတို့ကို အခမဲ့ ကူညီခဲ့ကြပါသည်။ ၂၀၀၈-၂၀၀၉ ခုနှစ်၊ ပညာသင်နှစ် တွင်လည်း မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသူ၊ ကျောင်းသားများအား ဆက်လက်ပြီး ကူညီခဲ့ကြပါသည်။
၂၀၀၉-၂၀၁၀ ခုနှစ်၊ ပညာသင်နှစ်တွင် “သန္တာမြီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း” အဖြစ် ဆိုင်းဘုတ်တင်ဖွင့်လှစ်ခဲ့ကြပြီး၊ မူလတန်းအဆင့်ကျောင်းသူ၊ ကျောင်းသားများအား မိမိကျောင်း၌ ပညာသင်ကြားပို့ချခဲ့ကြပါသည်။ အလယ်တန်းနှင့် အထက်တန်းကျောင်းသူ၊ ကျောင်းသားများအား အ.ထ.က.(၁) ကျောက်ဖြူ ၌ ဆက်လက်ပြီးကျောင်းအပ်ကာ စားဝတ်နေရေးတို့ကို အခမဲ့ ကူညီပေးခဲ့ကြပါသည်။

၂၀၁၀-၂၀၁၁ ခုနှစ်၊ ပညာသင်နှစ်တွင် တခြားတိုင်းရင်းသားမျိုးနွယ်စုတို့အား လက်ခံထားပြီး ဖြစ်ပါသည်။ အယင်နှစ်တွေက (အထူးသဖြင့်) ကျောက်ဖြူနယ်မှ ကျောင်းသူ၊ ကျောင်းသားတွေ သာရှိခဲ့ကြပြီး၊ ဒီနှစ်မှာတော့ ဂီရိမုန်းတိုင်းဒဏ်ကို အထူးသဖြင့်ခံခဲ့ရသော မြေပုံမြို့နယ်အပါအဝင်၊ တခြားမြို့နယ်တွေမှ ကျောင်းသူ၊ ကျောင်းသားတွေကို လည်းလက်ခံခဲ့ကြပြီးဖြစ်ပါသည်။
No comments:
Post a Comment