ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်၊ တိုးချဲ့(၅)လမ်းရှိ သန္တာမြီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ အလုပ်မှုဆောင် ရွေးချယ်ခြင်းနှင့် စည်းမျည်းစည်းကမ်း အတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် ကျောင်းသူ/သားများနှင့် မှတ်တမ်းဓာတ်ပုံများ

Sunday, February 19, 2012

အမေရိကန်ကောလိပ်တစ်ခု မြန်မာနိုင်ငံလာရောက်ဖွင့်လှစ်မည်

အမေရိကန်ပြည်ထောင်စုရှိ နာမည်ကျော် Libral Arts College တစ်ခုဖြစ်သော Bard Liberal art college သည် မြန်မာနိုင်ငံတွင်လည်း ဖွင့်လှစ်နိုင်ရန် လွန်ခဲ့သောရက်သတ္တပတ်အနည်းငယ်အတွင်းက မြန်မာနိုင်ငံသို့ လာရောက်လေ့လာပြီး ပညာရေးနယ်ပယ်တွင်းရှိ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းမှုများ ပြုလုပ်သွားကြောင်း အသိုင်းအ၀ိုင်းတွင်းမှ စုံစမ်းသိရှိရသည်။

အဆိုပါအစီအစဉ်ကို ညှိနှိုင်းမှုများ အဆင်ပြေပါက ၂၀၁၃ ခုနှစ်တွင် ကျောင်းသားစတင်လက်ခံ နိုင်ရန် ရည်မှန်းလုပ်ဆောင်နေကြောင်း၊ ယင်းကျောင်းက လိုချင်သည်မှာ ကျောင်းဖွင့်ခွင့်နှင့် ကျောင်းနေရာသာ ဖြစ်ကြောင်း၊ ကျောင်းသား ၂၀၀၀ ခန့်တက်ရောက်နိုင်မည်ကျောင်း ဖွင့်လှစ်မည်ဖြစ်ပြီး ယင်းကောလိပ်၏ ဘာ သာရပ်အားလုံးနီးပါး သင်ယူနိုင်မည်ဖြစ်ကာ လေးနှစ်တက်ရောက်ပြီးပါက နိုင်ငံတကာရှိ ယင်းကောလိပ်တွင် တက်ရောက်သည့်နည်းတူ ဒီဂရီအဆင့်တူရရှိမည်ဖြစ်ကြောင်း ပညာရေးနယ်ပယ်တွင်းမှ ပုဂ္ဂိုလ်တစ်ဦးက ပြော ကြားသည်။

ယင်းသို့ လာရောက်ဖွင့်လှစ်မည့် အစီအစဉ်နှင့်ပတ်သက်၍ "Bard College လိုမျိုး မြန်မာနိုင်ငံ မျာ လာဖွင့်တဲ့အတွက် ကျွန်တော်တို့ ကြိုဆိုရမှာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့လက်ရှိ အဆင့်မြင့်ပညာရေးကိုလည်း အထောက်အကူဖြစ်လို့ ကြိုဆိုရမှာပါ" ဟု အဆိုပါကောလိပ်လာရောက်ဖွင့်လှစ်ရေး ညှိနှိုင်းခဲ့သူ တစ်ဦးက မှတ် ချက်ပြုပြောဆိုသည်။

စုစုပေါင်း လေးနှစ်တက်ရောက်ရမည့်အဆိုပါကျောင်းကို ပထမ ၂ နှစ်တွင် မြန်မာလိုနဲ့ အင်္ဂ လိပ်လို ရောနှောသင်ကြားမည်ဖြစ်ပြီး နောက်ထပ် ၂ နှစ်တွင်မူ အင်္ဂလိပ်လိုသင်ကြားမည် ဖြစ်ကြောင်း၊ ယင်း ကျောင်းတက်ရောက်ခြင်းအတွက် ကုန်ကျစရိတ်ကို မြန်မာနိုင်ငံနှင့်လိုက်လျောညီထွေဖြစ်မည့် ကျောင်းလခပုံ စံတစ်ခု သတ်မှတ်ထားရှိမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

" ဟိုမှာသွားတက်တဲ့ Education ကို ဟိုမှာ သွားတက်တာထက် သက်သာစွာရဖို့က သူတို့ရဲ့ ရည်ရွယ်ချက်တစ်ခုပေါ့" ဟု ပညာရေးလောကသားတစ်ဦးက ပြောကြားသည်။

Bard College သည် အမေရိကန်ပြည်ထောင်စု နယူးယော့ခ်တွင် တည်ရှိပြီး ၁၈၆၀ ပြည့်နှစ် တွင် စတင်တည်ထောင်ခဲ့သော Privat Institution ဖြစ်သည်။

ယင်းကဲ့သို့သော ကောလိပ်မျိုး၏ ယခုကဲ့သို့ အစီအစဉ်မျိုးဖြင့် မြန်မာနိုင်ငံတွင် လာရောက်ဖွင့် လှစ်ရန် စီစဉ်မှုမှာ ပထမဆုံးဖြစ်သည်။
..........
Tea Shop Talk

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More