အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု အရည်အချင်းစစ်စာမေးပွဲဖြစ်သော TOEFL နှင့်အမေရိ ကန်ကျောင်းဝင်ခွင့် စာမေးပွဲဖြစ်သော GRE တို့၏ ၂၀၁၂ ခုနှစ်အတွက် စာမေးပွဲအချိန်စာရင်းများကို အမေရိ ကန်စင်တာမှ ပြန်ကြေညာခဲ့သည်။
TOEFL စာမေးပွဲအား လာမည့်နှစ် ဖေဖော်ဝါရီ ၁၄ ရက်နှင့် မေ ၅ ရက်တွင် ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး စာမေးပွဲကြေးမှာ အမေရိကန်ဒေါ်လာ ၁၆၀ ဖြစ်သည်။ GRE စာမေးပွဲအား လာမည့်နှစ်ဖေဖော်ဝါရီ ၁၁ ရက်တွင် အထွေထွေစာမေးပွဲနှင့် ဧပြီလ ၂၁ ရက်တွင် ဘာသာရပ်စာမေးပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ပြီး အထွေထွေစာမေးပွဲအတွက် အမေရိကန်ဒေါ်လာ ၁၉၀ နှင့် ဘာသာရပ်စာမေးပွဲအတွက် အမေရိကန်ဒေါ်လာ ၁၆၀ ပေးသွင်းဖြေဆိုရမည်ဖြစ်သည်။
၎င်းစာမေးပွဲများအား စစ်ဆေးကြီးကြီးကြပ်နေသော အမေရိကန်စင်တာတွင် ပညာရေးဆိုင်ရာ အခွင့်အလမ်းများအကြောင်း အကြံဉာဏ်ရယူလိုသော ကျောင်းသားများအနေဖြင့် တနင်္လာ၊ ဗုဒ္ဓဟူးနှင့်သော ကြာနေ့တို့တွင် နံနက် ၈ နာရီခွဲမှနေ့လယ် ၁၁ နာရီခွဲထိ တွေ့ဆုံမေးမြန်းနိုင်ကြောင်း သိရသည်။
.............
7 DAY NEWS Journal - အတွဲ(၁၀) ၊ အမှတ်(၄၂)
ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်၊ တိုးချဲ့(၅)လမ်းရှိ သန္တာမြီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ အလုပ်မှုဆောင် ရွေးချယ်ခြင်းနှင့် စည်းမျည်းစည်းကမ်း အတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် ကျောင်းသူ/သားများနှင့် မှတ်တမ်းဓာတ်ပုံများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment