ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်၊ တိုးချဲ့(၅)လမ်းရှိ သန္တာမြီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ အလုပ်မှုဆောင် ရွေးချယ်ခြင်းနှင့် စည်းမျည်းစည်းကမ်း အတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် ကျောင်းသူ/သားများနှင့် မှတ်တမ်းဓာတ်ပုံများ

Monday, July 23, 2012

မုံရွာမြို့  အ.ထ.က (၂) နှစ်ထပ်ကျောင်းဆောင် ဝရန်တာ ကြမ်းခင်းပြိုကျ၊ ကျောင်းသူ ၃ဝ ခန့်  ဒဏ်ရာရမှု ဖြစ်ပွား

EMG

ယနေ့ ဇူလိုင်၂၃ ရက်နေ့ တွင်မုံရွာမြို့  အ.ထ.က (၂) နှစ်ထပ်ကျောင်းဆောင် ဝရန်တာ ကြမ်းခင်း ပြိုကျကာကျောင်းသူ ၃ဝ ခန့်  ဒဏ်ရာ ရမှုဖြစ်ပွားခဲ့ ကြောင်း သတင်း ရရှိသည်။

"နံပါတ်ခြောက်အချိန် မှာ ဖြစ်သွားတာပါ။ နေ့  ၂ နာရီခွဲကျော်ကျော်မှာပေါ့ ။ ကြမ်းခင်းပြိုကျတဲ့  ၂ ထပ်ကျောင်းဆောင်မှာက ကျောင်းအုပ်ကြီးရုံးခန်းရှိတော့  ကျောင်းအုပ်ကြီးကို သွားကန်တော့ ကြတယ်။

နှစ်ယောက်တစ်တွဲ တန်းစီသွားတာ ယောင်္ကျားလေးတွေကတော့  ကျောင်းအုပ်ကြီး ရုံးခန်းထဲ ရောက်ပြီးကြပြီ။ မိန်းကလေးတွေက နှစ်ယောက်တစ်တွဲသွားရာကနေ ဝရန်တာ ကြမ်းခင်းက ဆွေးနေတော့  ဝုန်းကနဲ ပြုတ်ကျသွားတယ်။ အောက်မှာ မီးကြိုးကြီး တစ်ချောင်းခံနေလို့  ကလေးတွေအကျ သက်သာတယ် ဆိုရမှာပါ။" ဟု အ ထ က ၂ မှ မျက်မြင်တွေ့ ရှိခဲ့ သူ ကျောင်းဆရာမ တစ်ဦးက ပြောပြခဲ့ သည်။

"အခုဖြစ်တာက မိန်းကလေးတွေချည်းပဲ ဖြစ်နေတယ်။ အပေါ်ထပ်က ကိုးတန်း စာသင်ခန်းဖြစ်ပြီး အောက်ထပ်က ခုနှစ်တန်း စာသင်ခန်းဖြစ်တယ်။ အသေအပျောက်တော့ မရှိပါဘူး။ လက်ကျိုးသူတွေ ခြေထောက် ဒဏ်ရာရသူတွေ များတယ်။ ကလေးတွေကို အ.ထ.က(၂)ရဲ့  အနောက်ဘက်ကပ်လျက် က မုံရွာ ပြည်သူ့ ဆေးရုံကြီးမှာ ဆေးကုသမှု ပေးနေတယ်။ ကျောင်းတက်ချိန်ဆိုတော့ လူကြီးတွေလည်း စိတ်ပူပြီး လာကြည့်ကြတာ။ အ.ထ.က ၂ ရှေ့မှာရော ဆေးရုံထဲမှာရော လူတွေပြည့်ပြီး လမ်းပိတ်နေတယ်။

 တချို့ဆရာတွေက အနားမှာ ရှိကြတော့ အချိန်မီ လာရောက်ကူညီနိုင်ကြတယ်။ လောလောဆယ်မှာ မုံရွာပြည်သူ့ဆေးရုံ ထဲက ဒဏ်ရာရပြီး သွေးလန့်နေတဲ့ ကလေးတွေကို ရေသန့်ဗူးလာလှူတဲ့ ကုသိုလ်ရှင်တွေ တွေ့ရတယ်။ အ ထ က ၂ ထဲမှာတော့  ဘယ်သူမှ အဝင်မခံဘူး။ ကလေးတွေကို နေရာခွဲပြီး ကုသပေးနေတယ်။ ကျောင်းတက်ချိန်ဖြစ်လို့ အောက်မှာ  ခုနှစ်တန်းဆောင်ရှိပေမဲ့ အောက်ကော်ရစ်တာမှာ ဘယ်သူမှ ရှိမနေလို့ တော်သေးတယ်။"ဟု အ ထ က ၂ ကျောင်းသို့ လာရောက်သူ ကျောင်းသားမိဘတစ်ဦးက ပြောပြခဲ့သည်။

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More