ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်၊ တိုးချဲ့(၅)လမ်းရှိ သန္တာမြီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ အလုပ်မှုဆောင် ရွေးချယ်ခြင်းနှင့် စည်းမျည်းစည်းကမ်း အတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် ကျောင်းသူ/သားများနှင့် မှတ်တမ်းဓာတ်ပုံများ

Saturday, June 7, 2014

နိုင်ငံတကာကျောင်းများကို ပညာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုမခံရသည်မှာ နှစ် ၃၀ ခန့်ရှိဟုဆို

http://mw2.google.com/mw-panoramio/photos/medium/70498604.jpg
နိုင်ငံတကာကျောင်းများ၏ အခန်းကဏ္ဍကို ပညာရေးဝန်ကြီးဌာနမှ အလေးထားဆောင်ရွက်ခြင်းမရှိဟု ယင်းကျောင်းများမှ ဝေဖန်ပြောကြားလိုက်သည်။

နိုင်ငံတကာကျောင်းများကို ပညာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုခြင်းမခံခဲ့ရသည်မှာ နှစ် ၃၀ ခန့်ရှိနေ ပြီဖြစ်ပြီးအမျိုးသားပညာရေးဥပဒေတွင် ပုဂ္ဂလိကအခန်းကဏ္ဍ ပါဝင်လာစေရန် ၂၀၁၄ ခုနှစ်တွင် ပြုလုပ်သော ပညာရေးဆွေးနွေးပွဲများတွင် ပညာရေးဝန်ကြီးဌာနမှ ယင်းကျောင်းများအားခေါ်ယူညှိနှိုင်း မှုများပြုလုပ်ခဲ့သော်လည်း အပေါ်ယံသဘောသာဖြစ်နေကြောင်း သိရသည်။

“ပြောရရင် နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းကဆွေးနွေးပွဲတွေမှာ ဝန်ကြီးဌာနကိုပုဂ္ဂလိကဘက်က တင်ပြတာ တွေက အရမ်းအားနည်းတယ်။ အကြောင်းအရာတစ်ခုကို ဆွေးနွေးရင်မညီညွတ်ကြဘူး။ ဝန်ကြီးဌာန ဘက်ကလဲ ပုဂ္ဂလိကနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကိုအချိန်ပေးပြီး မဆွေးနွေးဘူး။ ဥပဒေတစ်ခုနှစ် ပေါင်းများစွာကောင်းဖို့အတွက် ပုဂ္ဂလိကဘက်ကလဲ ညီညီညွတ်ညွတ် တင်ပြနိုင်ပြီးဝန်ကြီးဌာနဘက် ကလဲ တင်ပြလာတာတွေကို အချိန်ပေးပြီး ဆွေးနွေးပေးသင့်တယ်လို့ထင်တယ်” ဟု ဗစ်တိုးရီးယား ယူနီဗာစီတီကောလိပ်မှ နာယက ဒေါက်တာနေဝင်းနိုင်ကပြောသည်။

အဆိုပါဝေဖန်မှုများအပေါ်တွင် အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) မှညွှန်ကြားရေးမှူး တစ်ဦးက ပုဂ္ဂလိကကဏ္ဍအတွက် တစ်လတစ်ကြိမ်ခန့် အစည်းအဝေးများ ပြုလုပ်ပေးကာ တက္ကသိုလ် ဥပဒေတွင် ထည့်သွင်းရေးဆွဲမည့် အချက်အလက်များကို တင်ပြခွင့်ပြုထားပြီး ဒုတိယဝန်ကြီးကိုယ် တိုင် ဦးစီးဆောင်ရွက်ပေးနေကြောင်း ပြောသည်။

“တက္ကသိုလ်ဥပဒေမှာ သူတို့အခန်းကဏ္ဍအတွက် ဘယ်လိုလုပ်ချင်သလဲ၊ ဘာတွေလိုသလဲဆိုတာတွေ ကိုဆွေးနွေးပေးနေတာ ငါးကြိမ်လောက်ရှိပြီ။ ပုဂ္ဂလိကအဖွဲ့အတွက်လဲ လုပ်ငန်းအဖွဲ့တစ်ဖွဲ့ ဖွဲ့ပေး ထားသေးတယ်။ သူတို့အနေနဲ့ လိုအပ်တာတွေပြောပြနိုင်ဖို့ ပူးပေါင်းပါဝင်ဖို့လိုတယ်” ဟုယင်းညွှန်ကြား ရေးမှူးကဆိုသည်။

လက်ရှိတွင် ပုဂ္ဂလိကတွင်ရှိသော တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများသည် ကုမ္ပဏီမှတ်ပုံ တင်ပြီး ဆောင်ရွက်နေရသည့်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ယင်းတို့အတွက် အကာအ ကွယ်ပေးရေး၊ အကူအညီပေးရေး ပညာရေးဆွေးနွေးပွဲများတွင် သီးခြားကဏ္ဍတစ်ခုအနေဖြင့် ဆွေး နွေးထားကြောင်းသိရသည်။

“ဆွေးနွေးပွဲတွေလုပ်ရင် ဒုဝန်ကြီးကလာတော့လာတယ်။ ဒါပေမဲ့တစ်နာရီလောက်ပဲ အချိန်ရမယ်လို့ ပြောတဲ့အခါကျတော့ ကျွန်တော်တို့ကဏ္ဍက တင်ပြစရာတွေက အများကြီး၊ ခေါ်ထားတဲ့ကျောင်းတွေ ကလဲအများကြီး တစ်ယောက်နှစ်မိနစ်လောက်ပဲ ပြောလို့ရမှာ။ ဒီနှစ်မိနစ်နဲ့ ကျွန်တော်တို့ရဲ့ လိုအပ် ချက်တွေကို ဘယ်လိုပြောရမလဲ။ ဒါကြောင့်ဝန်ကြီးဌာနက ပုဂ္ဂလိကတက္ကသိုလ်တွေအပေါ်မှာ အလေး ထားမှုမရှိတာတွေက ပေါ်လွင်ပါတယ်” ဟု နိုင်ငံတကာတက္ကသိုလ်တစ်ခုမှ ကျောင်းအုပ်ချုပ်သူက ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကနိုင်ငံတကာတက္ကသိုလ်၊ စင်တာများမှာ ရန်ကုန်တွင်တစ်ရာခန့်ရှိကြောင်း သိရသည်။

Democracy Today Daily
မေ(၂၆)ရက်၊ ၂၀၁၄ ခုနှစ်

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More