ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်၊ တိုးချဲ့(၅)လမ်းရှိ သန္တာမြီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ အလုပ်မှုဆောင် ရွေးချယ်ခြင်းနှင့် စည်းမျည်းစည်းကမ်း အတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် ကျောင်းသူ/သားများနှင့် မှတ်တမ်းဓာတ်ပုံများ

Tuesday, June 3, 2014

ကျောင်းစဖွင့်သည့်နေ့ ဝရန်တာပြို၍ ကျောင်းသား ကျောင်းသူ ၁၇ ဦး ဒဏ်ရာရ

Tuesday, June 3, 2014
ဇော်မင်းထိုက်
ကြမ်းခင်းပြိုကျပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)
 
သဲကုန်းမြို့နယ် ပုတီးကုန်းအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းစတင်ဖွင့်သည့် ဇွန်လ ၂ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က ကျောင်းအပေါ်ထပ်ဝရန်တာ ပြိုကျသဖြင့် ကျောင်းသား ကျောင်းသူ ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံသို့ တက်ရောက်ကုသနေရကြောင်း သတင်းရရှိသည်။

‘‘ပြိုကျလို့ ဒဏ်ရာရတဲ့ ကျောင်းသား၊ ကျောင်းသူတွေက ရှစ်တန်းကျောင်းသား၊ ကျောင်းသူတွေဖြစ်တယ်။ ရှစ်တန်း (D) ရှေ့မှာဖြစ်တာ။ အခု အဲဒီနေရာကို ပိတ်ထားတယ်။ ကျောင်းရှေ့ မှာ ဆေးရုံရှိတယ်။ ကျောင်းစဖွင့်တဲ့နေ့ဆိုတော့ တချို့ကျောင်း သားမိဘတွေကလည်း ပါလာတော့ ဆေးရုံကိုတန်းပို့ကြတယ်’’ ဟု ပုတီးကုန်း အ.ထ.က ကျောင်းအုပ်ဆရာကြီး ဦးသိန်းဝင်းက ပြောသည်။

အဆိုပါ ပုတီးကုန်း အ.ထ.က ကျောင်းသည် ၁၉၅၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်ပြီဖြစ်သည်။

‘‘ကျောင်းစဖွင့်တဲ့နေ့ဆိုတော့ ကျောင်းသားတွေ ဝရန်တာမှာ စုမိသွားတယ်။ ဝရန်တာရဲ့ ကြံ့ခိုင်မှုအားနည်းတာကြောင့် အခုလိုဖြစ်သွားတာ။ အမြန်ဆုံး ပြုပြင်နိုင်ဖို့ ဆောင်ရွက်နေပါတယ်’’ဟု သဲကုန်းမြို့နယ် လက်ထောက်ပညာရေးမှူး ဦးအေးလွင်က ပြောသည်။

ထို့ပြင် အဆိုပါကျောင်းအတွက် ကျောင်းဆောင်သစ် တိုးချဲ့ရန်ရှိပြီး၊ ကျောင်းဆောင်သစ်မဆောက်မီ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကျောင်းဝရန်တာပြိုကျသဖြင့် ဒဏ်ရာရရှိသော ကျောင်းသား၊ ကျောင်းသူများမှာ ပုတီးကုန်း တိုက်နယ်ဆေးရုံတွင် အတွင်းလူနာအဖြစ် ရှစ်ဦး၊ ပြင်ပလူနာရှစ်ဦး ဆေးကုသမှုခံယူလျက်ရှိပြီး ကျောင်းသူတစ်ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ကုသရန် ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။

‘‘လက်ရှိ ဆေးရုံတက်ကုသနေတဲ့သူတွေကတော့ အသက်အန္တရာယ်စိုးရိမ်စရာမရှိပါဘူး။ ပြင်ပပွန်းပဲ့ဒဏ်ရာနဲ့ အရိုးထိခိုက်ဒဏ်ရာလောက်ပဲရှိတယ်။ ကျောင်းသူတစ်ဦးကတော့ ခါးရိုးထိခိုက်သွားလို့ ရန်ကုန်ဆေးရုံကြီးပို့လိုက်တယ်’’ဟု ပုတီးကုန်း တိုက်နယ်ဆေးရုံဆရာဝန်ကြီး ဒေါက်တာသန့်ဇော်မောင်က ပြောသည်။

‘‘ဝရန်တာပြိုကျတယ်ကြားတော့ အရမ်းစိုးရိမ်သွားတယ်။ သမီးကိုမြင်မှ စိတ်အေးရတယ်။ အခု သမီးလက်မောင်းကို ထိခိုက်သွားတယ်။ နာနေတယ်ဆိုလို့ ဓာတ်မှန်ရိုက်ဖို့သွားမလို့ပါ’’ ဟု ဝရန်တာပြိုကျရာတွင် ဒဏ်ရာရခဲ့သော ကျောင်းသူတစ်ဦး၏ မိခင်က ပြောကြားသည်။

____ 7Days

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More