ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်၊ တိုးချဲ့(၅)လမ်းရှိ သန္တာမြီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ အလုပ်မှုဆောင် ရွေးချယ်ခြင်းနှင့် စည်းမျည်းစည်းကမ်း အတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် ကျောင်းသူ/သားများနှင့် မှတ်တမ်းဓာတ်ပုံများ

Sunday, June 8, 2014

တက္ကသိုလ်ဝင်တန်းအောင်ချက်အကောင်းဆုံးအဖြစ် မွန်ပြည်နယ် လေးနှစ် ဆက်တိုက်ရပ်တည်

တက္ကသိုလ်ဝင်တန်းအောင်ချက်အကောင်းဆုံးအဖြစ် မွန်ပြည်နယ် လေးနှစ် ဆက်တိုက်ရပ်တည် ရန်ကုန်တိုင်း ယမန်နှစ် ထက် အောင်ချက်တိုးပြီး ဘာသာစုံဂုဏ်ထူးရှင်ဦးရေ နှစ်ဆခန့်တိုးမြင့်လာ
                                ==================
ရန်ကုန်၊ ဇွန် ၇- တက္ကသိုလ်ဝင် တန်း အောင်ချက်ရာခိုင်နှုန်းတွင် မွန်ပြည်နယ်မှ အောင်ချက်ရာခိုင်နှုန်း ကျဆင်းခဲ့သ်ာလည်း ယင်းပြည်နယ် သည် တိုင်းဒေသကြီး ပြည်နယ်အဆင့် ပထမနေရာတွင်ပင်လေးနှစ်ဆက် တိုက်ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်၏ ယခုနှစ်အောင် ချက်ရာခိုင်နှုန်းသည် ၄၆ဒသမ ၇၅ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်က၄၇ ဒသမ၃၈ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ ယင်း ပြည်နယ်သည် တိုင်းဒေသကြီး ပြည် နယ်အဆင့်တွင် ပထမနေရာတွင် လေးနှစ်ဆက်တိုက် ရယူထားနိုင် သည့်ပြည်နယ်တစ်ခုဖြစ်ကြောင်း အခြေခံပညာဦးစီး ဌာနများနှင့်တိုင်း ပညာရေးမှူးရုံးတို့မှ သိရသည်။

''ဆရာမတို့ ရန်ကုန်တိုင်းက ဘာသာစုံဂုဏ်ထူးရှင် ၄၁၆ဦးရခဲ့ တယ်။ မနှစ်က ၁၉၇ ယောက်ပဲရခဲ့ တယ်။ ဒီနှစ်ကထက် ဝက်လောက် တက်တယ်။ ပြီးတော့အောင်ချက် ရာခိုင်နှုန်းကလည်း မနှစ်ကထက် ၁ဒသမရရာခိုင်နှုန်းလောက်တက် သွားတယ်''ဟု အမှတ်(၃)အခြေခံပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ဒေါ်ဆွေဆွေလဲ့က ပြောသည်။

မန္တလေးတိုင်းဒေသကြီးသည် ယခုနှစ်တွင် အောင်ချက်ရာခိုင်နှုန်း ကျဆင်းခဲ့သည့်အပြင်ဘာသာစုံဂုဏ် ထူးရှင်များပါ မနှစ်က ထက် ထက်ဝက် ကျော်ကျဆင်းခဲ့ကြောင်း၊ အောင်ချက် ရာခိုင်နှုန်းမှာ ၃၄ဒသမ ၄၀ ရာခိုင် နှုန်းရှိခဲ့ပြီး ဘာသာစုံဂုဏ်ထူးရှင်မှာ ယခင်နှစ်က ၁၅၆ယောက်ရှိခဲ့ပြီး ယခုနှစ်တွင် ၈၅ဦးသာရရှိခဲ့ကြောင်း မန္တလေးတိုင်းပညာရေးမှူးရုံးမှ သိရ သည်။

''ရန်ကုန်က ဘာသာစုံရတာ ထက်ဝက်လောက်တက်သွား ပြီးတော့ မန္တလေးကထက်ဝက်လောက်ကျသွား တယ်။ ဒါဟာမေးခွန်း လုံခြုံမှုအပေါ် မှာ သံသယဖြစ်စရာကောင်းတဲ့အချက် ပါ။ အမှန်တကယ်ဆိုရင်အဲ့ဒီလောက် မကွာသင့်ဘူး''ဟုမန္တလေးတိုင်း ပညာ ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၂၀၁၄ခုနှစ် ဇွန်ရရက်တွင် ထုတ် ပြန်ခဲ့သည့်တက္ကသိုလ် ဝင်တန်း အောင်စာရင်း များအရ တိုင်းဒေသကြီး ပြည်နယ်များတွင် မွန်ပြည်နယ် ၏နောက်တွင် ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီ၊ ရန်ကုန်တိုင်းတို့အသီး သီးရပ်တည်ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး၏ ယခုနှစ်အောင်ချက်ရာ ခိုင်နှုန်းသည် ယမန်နှစ်က ထက် ၅ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

အမှတ်(၁)အခြေခံပညာဦးစီး ဌာနအောက်ရှိ တိုင်းဒေသကြီးပြည် နယ်များ၏ အောင်ချက်တွင် ရခိုင် ပြည်နယ်မှ အောင်ချက် ရာခိုင်နှုန်း အနိမ့်ဆုံးဖြစ်ပြီး ၁၈ဒသမ၁၃ရာ ခိုင်နှုန်းရှိပြီး ယမန်နှစ်က၂၁ဒသမ ၇၂ ရာခိုင်နှုန်းရှိခဲ့ရာ ယမန်နှစ်ထက် ၄ရာခိုင်နှုန်းခန့်အောင်ချက်ကျဆင်း ခဲ့သည်။

ATK , CCT
[--Democracy today Daily Newspaper-

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More