ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်၊ တိုးချဲ့(၅)လမ်းရှိ သန္တာမြီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ အလုပ်မှုဆောင် ရွေးချယ်ခြင်းနှင့် စည်းမျည်းစည်းကမ်း အတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် ကျောင်းသူ/သားများနှင့် မှတ်တမ်းဓာတ်ပုံများ

Friday, June 6, 2014

အောက်မြန်မာပြည် ကျောင်းဆောင် ၃ ပုံ ၁ ပုံ အန္တရာယ်ရှိ

ပညာရေးဦးစီးဌာနလက်အောက်(အောက်မြန်မာပြည်)မှာ စာသင်ကျောင်း အဆောင်ပေါင်း ၂ သောင်းကျော် ရှိတဲ့အနက် ၃ ပုံ ၁ ပုံ ဖြစ်တဲ့ စာသင်ကျောင်း ၆ ထောင်လောက်ဟာ ညံ့ အဆင့်ဝင် အန္တရာယ်ရှိ အဆောက်အဦတွေ ဖြစ်နေတယ်လို့ အမှတ် ၁ အခြေခံပညာ ဦးစီးဌာန ညွှန်မှူး ဒေါ်သဇင်သင်း ပြောတာကို ကိုးကားပြီး ဒီနေ့ထုတ် မြန်မာသံတော်ဆင့် သတင်းဂျာနယ်မှာ ဖော်ပြထားပါတယ်။

ဒီကျောင်းဆောင်တွေ ပြန်လည် ပြုပြင် ဆောက်လုပ်ဖို့ ဘတ်ဂျက်ငွေ ၃ ဘီလီယံနီးပါး ရထားတယ်လို့လည်း သူက ရှင်းပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့က ပဲခူးတိုင်း သဲကုန်းမြို့နယ် ပုတီးကုန်းမှာ အထက်တန်းကျောင်း ၀ရံတာ ပြိုကျပြီး ကျောင်းသားနဲ့ ကျောင်းသူ ၁၇ ယောက် ထိခိုက်ဒဏ်ရာရမှု ဖြစ်ပေါ်လာပြီးနောက် စာသင်ကျောင်းတွေရဲ့ ကြံ့ခိုင်မှု ပြဿ နာကို ပြည်သူတွေက မေးခွန်းထုတ်လာကြတာ ဖြစ်ပါတယ်။

လက်ရှိ ချထားပေးတဲ့ ဘတ်ဂျက်ဟာ ကျောင်းဆောင် ၁ ခု ကျပ် သိန်း ၅၀ ပင် မပြည့်တာကြောင့် အဆင့်မီ ပြုပြင်ရေး မလွယ်ကူနိုင်ဘူးလို့ အငြိမ်းစား ပညာရေးမှူး ဦးဝင်းဖေက ပြောပါတယ်။

____ဒီဗွီဘီ

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More