ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်၊ တိုးချဲ့(၅)လမ်းရှိ သန္တာမြီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ အလုပ်မှုဆောင် ရွေးချယ်ခြင်းနှင့် စည်းမျည်းစည်းကမ်း အတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် ကျောင်းသူ/သားများနှင့် မှတ်တမ်းဓာတ်ပုံများ

Monday, June 9, 2014

ရခိုင်ပြည်နယ်တွင် (၂) နှစ် ဆက်တိုက် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက် ကျ

ရခိုင် ပြည်နယ်တွင် နှစ်နှစ်ဆက်တိုက် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက် ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူး ရုံးမှ သိရသည်။         ရခိုင် ပြည်နယ်တွင် ၂၀၁၂ ခုနှစ် က ဖြစ်ပွားခဲ့သော ပဋိပက္ခ များကြောင့် ၂၀၁၃ ခုနှစ်တွင် အောင်ချက် ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ ယခု နှစ်တွင် လည်း ယခင်နှစ် ကထက် အောင်ချက် ရာခိုင်နှုန်း ထပ်မံ ကျဆင်းခဲ့ခြင်း ဖြစ်သည်။ ဒါပေမဲ့ ကျွန်တော်တို့ ဆက်လက် ကြိုးစား နေမှာပါ။ ဒီနှစ်က Moder -ation မရှိတာလည်း ပါမှာပေါ့ ဟု ရခိုင် ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး (စီမံ) ဦးလှစိန်ထွန်း က The Messenger သတင်းစာ သို့ ပြောသည်။ ရခိုင် ပြည်နယ် တစ်ခုလုံးတွင် ၂၀၁၄ ခုနှစ်၌ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူ ကျောင်းသား ကျောင်းသူပေါင်း (၂၅၄၆၅) ဦး ရှိခဲ့ရာ (၄၆ ၃၉) ဦး အောင်မြင်ခဲ့ပြီး၊ အောင်ချက်ရာနှုန်း (၁၈ ဒသမ ၂၂) ရာခိုင်နှုန်း ရှိခဲ့သည်။

                   ဒီနှစ် ပဋိပက္ခ သံတွဲမှာဖြစ်ခဲ့တော့ ကျောင်းတွေ၊ ကျူရှင်တွေ ပိတ်ထားရတဲ့နေ့ တွေလည်း ရှိခဲ့တယ်။ နောက်တစ်ချက် က မအောင်မနေရ စနစ် ပုံစံမျိုးကြောင့် ကျောင်းသားတွေ အရည်အချင်း ကျဆင်းလာ တာလည်း ပါတယ် ဟု ရခိုင်ပြည်နယ် သံတွဲမြို့မှ အထက် တန်းပြ ဆရာတစ်ဦးက The Messenger သတင်းစာသို့ ပြောသည်။

                ၂၀၁၃ ခုနှစ်ကမူ ကျောင်းသား ကျောင်းသူ  (၂၁၅၃၄) ဦး ဖြေဆိုခဲ့ရာ (၄၆၇၆) ဦး အောင်မြင်ခဲ့ပြီး၊ အောင်ချက်ရာနှုန်း (၂၁ ဒသမ ၇၁) ရာခိုင် နှုန်း ရှိခဲ့ သောကြောင့် ယခင်နှစ်ထက် အောင်ချက်ရာနှုန်း (၃ ဒသမ ၅၀) ကျဆင်း ခဲ့ကြောင်း၊ ရခိုင် ပြည်နယ် ပညာရေးမှူးရုံး မှ သိရသည်။ ရခိုင်ပြည်နယ် အတွင်း အောင်ချက် အမြင့်ဆုံး၊ မြို့မှာ သံတွဲမြို့ ဖြစ်ကြောင်းလည်း သိရသည်။

                ထို့ပြင် ရခိုင်တစ်ပြည်နယ်လုံး၌ ခြောက်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူ ခြောက်ဦး၊ ငါးဘာသာ (၂၇) ဦး၊ လေးဘာသာ (၃၁) ဦး၊ သုံးဘာ သာ (၅၉) ဦး၊ နှစ်ဘာသာ(၁၂၀) ဦး၊ တစ်ဘာသာ (၄၄၃) ဦး ရှိခဲ့ကြောင်းလည်း ပညာရေးမှူးရုံးမှ သိရသည်။ ရခိုင်ပြည်နယ်တွင်တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းကြောင့် ပညာရေး ၀န်ကြီးဌာန နှင့် ပြည်နယ် အစိုးရတို့  ပူးပေါင်းကာ အောင်ချက် ရာခိုင်နှုန်း မြင့်မားရန် ကြိုးစား လုပ်ဆောင်ခဲ့သည်။  တက္ကသိုလ်ဆရာများ ကလည်း ကွင်းဆင်း၍ အောင်ချက် မြင့်မားအောင် ဆောင်ရွက်ခဲ့သည်။

တေဇာဘုန်းမြင့်
Messenger News Journal

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More