ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်၊ တိုးချဲ့(၅)လမ်းရှိ သန္တာမြီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ အလုပ်မှုဆောင် ရွေးချယ်ခြင်းနှင့် စည်းမျည်းစည်းကမ်း အတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် ကျောင်းသူ/သားများနှင့် မှတ်တမ်းဓာတ်ပုံများ

Saturday, June 7, 2014

နေ့စားလပေး ဆရာ၊ ဆရာမများကို ကျောင်းဖွင့်ရက်ထက်နောက်ကျပြီးမှသာ ခန့်နိုင်မည်ဟုဆို

http://www.helpingtheburmesedelta.org/wp-content/uploads/2013/03/Boys-leaving-dorm-640x360.jpg
အခြေခံပညာမူလတန်းကျောင်းများတွင် နေ့စားလပေးဆရာ၊ ဆရာမများ အနည်းဆုံးငါးဦးခန့်ထားပေး မည့်ကိစ္စမှာ ကျောင်းဖွင့်ရက်ထက် အနည်းငယ်နောက်ကျနိုင်ဖွယ်ရှိကြောင်း အမှတ်(၃) အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

ယခုပညာသင်နှစ်တွင် အခြေခံပညာမူလတန်းကျောင်းတိုင်းတွင် မူလတန်းပြဆရာ၊ ဆရာမအနည်းဆုံး ငါးဦးခန့်ထားပေးရန်အတွက် နေ့စားလပေးဆရာ၊ ဆရာမများကိုတိုင်းဒေသကြီးပြည်နယ်အလိုက် နိုင်ငံ ပိုင်သတင်းစာများမှတစ်ဆင့် ခေါ်ယူထားသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြည့်ဆည်းရ မည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးပြည်နယ်အစိုးရများနှင့် ဦးစီးဌာနများ၏ ညှိနှိုင်းဆောင်ရွက်မှု များမပြီးပြတ်သေးသည့်အတွက် ကျောင်းဖွင့်ရက်ဖြစ်သည့် ဇွန် ၂ ရက်နောက်ပိုင်းမှသာ ကျောင်းတိုင်း တွင်ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဖြစ်ကြောင်း သိရသည်။

“ဒီပညာသင်နှစ်အမီ ခန့်ပေးနိုင်ဖို့တော့လုပ်နေတယ်။ လိုတဲ့ကျောင်းတွေကများတယ်။ ဒီကိစ္စကိုတိုင်း ဒေသကြီးပြည်နယ်အစိုးရတွေနဲ့ လုပ်တာဖြစ်တယ်။ သူတို့နဲ့ဘယ်လိုခန့်ထားနိုင်မလဲဆိုတာတွေ ညှိနေ တုန်းပဲ။ အမှန်က ဇွန် ၂ ရက်ဆိုရင် ခန့်ပြီးဖြစ်နေရမှာ။ မြန်ချင်တယ်ဆိုရင်တော့ မြို့နယ်ပညာရေးမှူးရုံး တွေကို လုပ်ပိုင်ခွင့်ပေးလိုက်ရင် တစ်ပတ်အတွင်းခန့်ထားနိုင်မှာပါ” ဟု အမှတ် (၃) အခြေခံပညာဦးစီး ဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

ကျောင်းတိုင်းတွင် ဆရာလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် တိုင်းဒေသကြီး ပြည်နယ်အစိုးရရုံး များမှ နေ့စားလပေးမူလတန်းပြလျှောက်ထားလိုသူများကို မေလတွင်ခေါ်ယူခြင်း၊ ယမန်နှစ်ကခေါ်ယူ ထားသည့် နေ့စားလပေးမူလတန်းပြများကို နွေရာသီတွင် ဆရာဖြစ်သင်တန်းများပေး၍ အမြဲတမ်းဝန် ထမ်းများအဖြစ် ခန့်အပ်နိုင်ရန် စီစဉ်ခြင်းများကို ပြုလုပ်လျက်ရှိကြောင်း ဆရာလိုအပ်ချက်အရ ငါး သောင်းကျော်ထပ်မံခန့်ထားရနိုင်ဖွယ်ရှိကြောင်း သိရသည်။

“မှန်ပါတယ်။ အခုနှစ်ကမူလတန်းကျောင်းတိုင်းမှာ ဆရာအရေအတွက် ငါးဦးခန့်မှာရယ်။ ဝေးလံဒေသ တွေမှာ လိုနေတဲ့ဆရာတွေထပ်ဖြည့်ဖို့ရယ်က တွက်ချက်တာတွေ၊ ညှိနှိုင်းတာတွေလုပ်နေကြရတယ်။ ဖြစ်နိုင်ဖို့တော့လုပ်နေကြပါတယ်။ အနည်းငယ်နောက်ကျနိုင်လိမ့်မယ်ထင်ပါတယ်” ဟု အမှတ် (၁) အခြေခံပညာဦးစီးဌာနမှ အရာရှိတစ်ဦးကဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းသား၊ ကျောင်းသူဦးရေသည် ၇၈၇၃၆၃၆ ရှိပြီး မူလတန်းကျောင်းသားဦးရေသည် စုစုပေါင်းကျောင်းသားဦးရေ၏ ၆၄ ဒသမ ၂၅ ရာခိုင်နှုန်းရှိကြောင်း၊ အခြေခံပညာကျောင်းပေါင်း ၄၂၅၇၄ ကျောင်းရှိကြောင်း၊ ဆရာဦးရေမှာ နှစ်သိန်း ခွဲခန့်ရှိပြီး မူလတန်းပြဆရာ ၄၈ ဒသမ ၇၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခင်နှစ်က နေ့စားလပေးဆရာ၊ ဆရာမ ၃၇၀၀၀ ကျော်နှင့် ပညာရေး ဝန်ထမ်းနှစ်သောင်းခန့် ခန့်ထားပေးပြီးဖြစ်ကြောင်း ပညာရေးသုတေသနအဖွဲ့ဦးစီးဌာနမှ သိရသည်။

Democracy Today Daily
မေ(၂၅)ရက်၊ ၂၀၁၄ ခုနှစ်

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More