သန္တာမြီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ မျှော်မှန်းချက်များ
အနာဂတ်အတွက် လမ်းပျောက်နေသော (အထူးသဖြင့် မိဘမစုံလင်၊ ဆင်းရဲနွမ်းပါးသော ကလေးလူငယ်များ) မျိုးဆက်သစ်လူငယ်များအား ပညာရေးဖြင့်ကူညီပြီး ကလေးလူငယ်တို့၏ တနာဂတ်ဘဝ ပိုမိုတောက်ပြောင် လာစေရန်၊ မိမိတို့၏အမျိုးဘာသာ သသနာနှင့်
“သန္တာမြီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း” ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်
အရွယ်ရောက်ပြီး/အရွယ်လွန်းပြီး ကျောင်းနေအရွယ် ကလေးငယ်များအားလုံး အခမဲ့ ပညာသင်ကြားခွင့်ရရန်/ ပညာသင်ကြားပေးရေး။ ကျောင်းပညာမပြီးဆုံးခဲ့သည့် လူငယ်များအား အသက်မွေးမှုအတတ်ပညာ တစ်ခုခု သင်ကြားပေးပြီး၊ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် ကူညီလမ်းညွှန်ပေးနိုင်ရန်
သန္တာမြီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ တည်နေရာ
သန္တာမြီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ တည်နေရာ...ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်၊ တိုးချဲ့(၅)လမ်းရှိ သန္တာမြီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း
သန္တာမြီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ လုပ်ဆောင်ချက်များ
လုံးဝကျောင်းမထားနိုင်သော ကလေးလူငယ်များအား အခမဲ့ပညာသင်ကြားနိုင်ရန် ကူညီပေးခြင်း၊ တောရွာကျေးလက်မှ အလယ်တန်း၊ အထက်တန်း ကျောင်းသူ/သားများသည် မြို့ပေါ်ဒေသ၌ အိမ်ခန်းငှားရမ်းပြီး ကျောင်းမတက်နိုင်သူများအား စာရေး၊ သောက်ရေး၊ နေရေးထိုင်ရေးများကို အခမဲ့ စီစဉ်ဆောင်ရွက်ပေးခြင်း။
သန္တာမြီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သမိုင်းအကျဉ်းချုပ်
၂၀၀၆-၂၀၀၇ ခုနှစ်၊ ပညာသင်နှစ်မှစတင်၍ ဆင်းရဲနွမ်းပါးသည့် မူလတန်းအရွယ် ကလေးငယ်များနှင့် မိဘမစုံလင်သည့် မူလတန်းအရွယ်ကလေးငယ်များအား ပညာသင်ကြားနိုင်ရေးအတွက် အ.ထ.က.(၁)၌ ကျောင်းအပ်ကာ “သန္တာမြီအဖိုးအဘောင်ဓမ္မရိပ်သာ”၌ စားဝတ်နေရေးတို့ကို အခမဲ့ကူညီခဲ့ကြပါသည်။ ၂၀၀၇-၂၀၀၈ ခုနှစ်၊ ပညာသင်နှစ်တွင်
