( ပြည်မြန်မာသတင်းဂျာနယ် - အမှတ် (၈၀၇))
မြန်မာပြည်အတွင်း လက်ရှိပုဂ္ဂလိက ကောလိပ်ငါးခုရှိနေပြီး ထပ်မံ၍ ရန်ကုန်နှင့်မန္တလေးတွင် ပု ဂ္ဂလိကကောလိပ်သစ်ရှစ်ခု ထပ်မံဖွက့်လှစ်ရန် ရှိနေကြောင်း ဗစ်တိုးရီးယား ကောလိပ်ကျောင်းအုပ်ကြီး ဒေါက် တာနေက ၂-၂-၂၀၁၂ ရက်နေ့တွင်ပြောကြားသည်။
" လက်ရှိ ရန်ကုန်မှာ ချင်းတွင်းကောလိပ်၊ နိုဘယ်ကောလိပ်၊ ဗစ်တိုးရီးယားကောလိပ်နဲ့ မန္တ လေးမှာ အင်တာနေရှင်နယ်ကောလိပ်အပြင် နောက်ထပ်ကောလိပ်တစ်ခုရှိပါတယ်။ အခုရန်ကုန်မှာ အခြေစိုက် ကောလိပ်သုံးခုရှိတဲ့ အနက် နောက်ထပ်ပြီး ငါးခုကနေ ၁၀ ခုအထိ ဖွင့်ဖို့စီစဉ်နေကြတယ်။ မန္တလေးမှာတော့ သုံး ခုရှိတဲ့ အနက်နောက်ထပ်ပြီး ငါးခုကနေ ၁၀ ခုအထိ ဖွင့်ဖို့စီစဉ်နေကြတယ်။ မန္တလေးမှာတော့ သုံးခုထပ်ပြီးဖွင့် ဖို့ ရှိနေပါတယ်" ဟု ယင်းကပြောကြားသည်။
" တိုင်းပြည်တိုးတက်ဖို့အတွက် စီးပွားရေးအမြင်နဲ့ ပြောရရင် ကျောင်းသားတွေ အတုအ ယောင် ကျောင်းတွေနဲ့ မချိန်ဆက်မိဖို့လိုပါတယ်။ နိုင်ငံတကာမှာတော့ အတုအယောင်ကျောင်းသားတွေကို နှိမ် နင်းကြတယ်။ ဒါပေမဲ့ ပေါ်လာတာပဲ။ တက်ရောက်မယ့် ကျောင်းသားတွေအနေနဲ့ ကတော့ သေချာစွာစိစစ် သွားဖို့လိုပါတယ်။ အဲဒီလို အတုအယောင်ကျောင်းတွေကြောင့် ဖြစ်ပေါ်လာရမယ့် ပြဿနာဟာ တိုင်းပြည်စီးပွား ရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်" ဟု ယင်းကပြောသည်။
ထို့အပြင် မြန်မာနိုင်ငံအတွင်း သင်ကြားပြသမည့် ဆရာရှားပါးရခြင်းကြောင့် နိုင်ငံခြားတွင် ပ ညာသင်ကြားနေသော ဆရာများကို ထိုက်တန်စွာပေး၍ ပြန်လည်ခေါ်ယူရန် ရှိနေကြောင်း၊ ထို့ပြင် Ph.D ရပြီး သော ဆရာများကို ပုဂ္ဂလိကကောလိပ်များတွင် ဌာနမှူးအဖြစ် ခန့်အပ်ရန်ရှိနေကြောင်း ထပ်မံသိရှိရသည်။
" ကျောင်းဖွင့်ရင် ဖွင့်တဲ့ကျောင်းတွေဟာ အင်္ဂလန်ကျောင်းတွေရဲ့ သင်ကြားပြသမှုပုံစံကို အတု ယူကြတာပါ။ တရုတ်တောင် အင်္ဂလန်ကကျောင်းတွေကို စံထားရတာပါ" ဟု ယင်းကထပ်မံ ပြောကြားသည်။ ပု ဂ္ဂလိကကျောင်းများစွာ ပေါ်ပေါက်လာပါက ပြည်တွင်းရှိပုဂ္ဂလိကကျောင်းများ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာမည် ဖြစ်ကာ တိုင်းပြည်နှင့် ပညာရေးအတွက် ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ကျောင်းရွေးချယ်ရာတွင်လည်း ကျောင်း၏ သင်ကြားပြသမှုပုံစံကို ရွေးချယ်၍ တက်ရောက်သင်ကြားနိုင်ကြောင်းယင်းက ပြောကြားသည်။
ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်၊ တိုးချဲ့(၅)လမ်းရှိ သန္တာမြီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ အလုပ်မှုဆောင် ရွေးချယ်ခြင်းနှင့် စည်းမျည်းစည်းကမ်း အတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် ကျောင်းသူ/သားများနှင့် မှတ်တမ်းဓာတ်ပုံများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment