Tuesday, May 27, 2014
ရန်ကုန်−
မြန်မာနိုင်ငံရှိ ဘုန်း တော်ကြီးသင်ပညာရေးကျောင်း များဖွံ့ဖြိုးတိုးတက်ရန်
ရည်ရွယ် ၍ ဘုန်းတော်ကြီးသင်ပညာရေး ညီလာခံကို ပထမဆုံးအကြိမ်အ ဖြစ်
ရှမ်းပြည်နယ် ဟိုပုံးမြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းများ၏ ကျောင်းအုပ် ဆရာတော်အပါး ၇၀၀ ခန့်တက်ရောက် ဆွေးနွေးကြမည်ဖြစ်ပြီး မေလ ၂၉ ရက်မှ ၃၁ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။
‘‘သမိုင်းဝင် ပထမဆုံးအ ကြိမ်ပါပဲ။ တစ်နိုင်ငံလုံးက ဘက ကျောင်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ပါတယ်။
လက်ရှိတစ် နိုင်ငံလုံးမှာ ဘကကျောင်း ၁၅၀၀ ကျော်ရှိနေပေမယ့် ၂၀၀ ကျော် လောက်ပဲ သင်ကြား၊ သင်ယူမှု စနစ် ပြောင်းလဲနိုင်သေးတယ်။ အဲ ဒီအတွက်လည်းဆွေးနွေးသွား မယ်။ ဘကကျောင်းတွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ ဆွေးနွေး မယ်’’ဟု ဘုန်းတော်ကြီးသင် ပညာရေးညီလာခံ ကျင်းပရေး ကော်မတီမှ တာဝန်ရှိသူ ဆရာ တော်က မိန့်ကြားသည်။
ဘုန်းတော်ကြီးသင်ပညာ ရေးညီလာခံသို့ စလေဆရာတော်၊နောင်တောင်းဆရာတော်၊ ဖောင် တော်ဦးဆရာတော်နှင့် သာသနာ ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီးတို့ တက်ရောက်ဆွေးနွေး ကြမည်ဖြစ်သည်။
မြန်မာနိုင်ငံ၌ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း ၁၅၀၀ ကျော်တွင် ကျောင်းသား၊ ကျောင်းသူ နှစ်သိန်းကျော်တက်ရောက် ပညာသင်ယူနေကြောင်း ခန့်မှန်း ထားပြီး အစိုးရကပြီးခဲ့သည့် ပညာသင်နှစ်တွင် ကျပ်သန်း သုံး ထောင်နီးပါးပံ့ပိုးခဲ့သည်။
ပထမဆုံးအကြိမ်ဘုန်းတော် ကြီးသင်ပညာရေး ညီလာခံသို့ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများအားလုံးဖိတ်ကြား လို သော်လည်း နေရာအခက်အခဲနှင့် ငွေကြေး အခက်အခဲတို့ကြောင့် မဖိတ်ကြားနိုင်ကြောင်းသိရ သည်။
___ 7Days

No comments:
Post a Comment