ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်၊ တိုးချဲ့(၅)လမ်းရှိ သန္တာမြီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ အလုပ်မှုဆောင် ရွေးချယ်ခြင်းနှင့် စည်းမျည်းစည်းကမ်း အတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် ကျောင်းသူ/သားများနှင့် မှတ်တမ်းဓာတ်ပုံများ

Monday, May 26, 2014

ကေအိုင်အိုနယ်မြေရှိ ဒုက္ခသည်စခန်းအားလုံးတွင် အလယ်တန်းကျောင်းများ ဖွင့်လှစ်မည်

Tuesday, May 27, 2014

မရန်
 
ကချင်ပြည်နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းတစ်ခု(ဓာတ်ပုံ − မရန်)
 
ကျောင်းမတက်နိုင်သည့် ကျောင်းသားများမရှိစေရန် ကေအိုင်အိုထိန်းချုပ်နယ်မြေရှိ စစ်ဘေးဒုက္ခသည်စခန်းများတွင် အလယ်တန်းကျောင်းများ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကေအိုင်အိုစစ်ဘေးဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဒွဲ ပီဆာကပြောသည်။

ယမန်နှစ်က လိုင်ဇာအနီးရှိ စစ်ဘေးဒုက္ခသည် စခန်းများတွင်  မူလတန်းအထိသာ ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပြီး အလယ်တန်းနှင့် အထက်တန်းကျောင်းသားများကို အလဲန်ဘွမ်တွင် ကျောင်းဘော်ဒါ ဆောင်ဖွင့်ကာ ပညာသင်ကြား ပေးခဲ့သည်။

သို့သော်ထိုကျောင်းသား ဘော်ဒါဆောင်တွင် ကျောင်းသားများအတွက် စားရေးသောက်ရေး၊ သောက်သုံးရေ၊ စာသင်ဆောင် နှင့် ကျောင်းအုပ်ချုပ်ရေး အစရှိသည့် အခက်အခဲများစွာရှိခဲ့ကြောင်း ဦးဒွဲပီဆာကပြောသည်။

‘‘မနှစ်တုန်းက အလဲန်ဘွမ် ကျောင်းမှာ အခက်အခဲများစွာရှိ ခဲ့တယ်။ ဒါကြောင့် ဒီနှစ်က စခန်းတိုင်းမှာ အလယ်တန်းကျောင်းတွေ ဖွင့်သွားမယ်။ အလဲန်ဘွမ်မှာက အထက်တန်းပဲလက်ခံတော့မယ်’’ဟု ဦးဒွဲပီဆာက ဆိုသည်။

ယမန်နှစ် ကေအိုင်အိုထိန်းချုပ်နယ်မြေရှိ ကျောင်းသားများ၏ အောင်ချက်ရာခိုင်နှုန်းမှာ အတော်အသင့်ကောင်းမွန်ခဲ့ကြောင်း ဦးဒွဲပီဆာကပြောသည်။

၂၀၁၃-၁၄ ပညာသင်နှစ်တွင် မုန်းဒိန်းပါနှင့် နမ်လင်းပါဘက်ရှိ စစ်ဘေးဒုက္ခသည်စခန်း များမှ ကျောင်းသူ၊ ကျောင်းသားများ ထွက်ပြေးခဲ့ရပြီး စာကောင်းမွန်စွာမသင်ကြားခဲ့ရပေ။

ကေအိုင်အိုထိန်းချုပ်နယ် မြေရှိကျောင်းများမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများသည် ကေအိုင်အိုမှ ဖွင့်လှစ်ထားသောအတတ် ပညာကျောင်း (၁၁) ကျောင်းသို့ တက်ရောက်နိုင်ကြောင်း သတင်းရရှိသည်။
ကေအိုင်အေထိန်းချုပ်နယ် မြေရှိ စစ်ဘေးဒုက္ခသည် စခန်း များတွင် မူလတန်းမှ အထက်တန်းအထိ ကျောင်းသူ၊ ကျောင်းသား ပေါင်း ၃၅၀၀၀ ခန် ရှိသည်။
 
___ 7Days

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More