ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်၊ တိုးချဲ့(၅)လမ်းရှိ သန္တာမြီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ အလုပ်မှုဆောင် ရွေးချယ်ခြင်းနှင့် စည်းမျည်းစည်းကမ်း အတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် ကျောင်းသူ/သားများနှင့် မှတ်တမ်းဓာတ်ပုံများ

Monday, May 26, 2014

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ရန်ပုံငွေအတွက် ဖျော်ဖြေပွဲပြုလုပ်မည်

Tuesday, May 27, 2014

ကြူကြူဟန်
ဘုန်းတော်ကြီး၊ သီလ ရှင်သင်ပညာရေးကျောင်းများ ရန်ပုံငွေအတွက် ပြုလုပ်မည့် ဖျော် ဖြေပွဲတွင် အမျိုးသားအဆိုတော် တစ်ဦး၊ ခေတ်နှစ်ခေတ်တွင် အောင်မြင်နေသော အမျိုးသမီး အဆိုတော်လေးဦးတို့ ဖျော်ဖြေ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အဆိုပါဖျော်ဖြေပွဲကို ဇွန်လ ၁၄ ရက်တွင် အမျိုးသားကဇာတ် ရုံ၌ ပြုလုပ်မည်ဖြစ်ပြီး မေခလာ၊ မေဆွိ၊ အာဇာနည်၊ ချမ်းချမ်း၊ နီနီ ခင်ဇော်တို့က ဖျော်ဖြေမည်ဖြစ်သည်။ ယခုပွဲကို ဂျပန်နိုင်ငံက ဦးစီးကျင်းပခြင်းဖြစ်ပြီး ယင်းပွဲမှရရှိ လာမည့် ၀င်ကြေးများကို ဘက ကျောင်း ၁၀ ကျောင်းသို့ လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

လက်မှတ်များကို အများဆုံး ကျပ်သုံးသောင်းမှအနည်းဆုံး ကျပ်ခုနစ်ထောင်ထိ သတ်မှတ်ထားပြီး မန်းသီရိတေးသံသွင်း၊ တော်ဝင်စင်တာတို့တွင် ၀ယ်ယူနိုင်ကြောင်း သိရသည်။
 
 
____ 7Days

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More