ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်၊ တိုးချဲ့(၅)လမ်းရှိ သန္တာမြီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ အလုပ်မှုဆောင် ရွေးချယ်ခြင်းနှင့် စည်းမျည်းစည်းကမ်း အတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် ကျောင်းသူ/သားများနှင့် မှတ်တမ်းဓာတ်ပုံများ

Saturday, June 7, 2014

တက္ကသိုလ်ဝင်တန်း ဘာသာရပ်ရွေးချယ်ခွင့်ကို လွတ်လပ်စွာရွေးချယ်ခွင့် ပေးထားသော်လည်း ရွေးချယ်ခွင့်မပေးသည့် ကျောင်းတချို့ရှိနေဟုဆို

http://www.tzuchi.org.tw/en/images/stories/Projects/56.jpg
တက္ကသိုလ်ဝင်တန်းကျောင်းအပ်လျှောက်ထားသည့် ကျောင်းသားများသည် ဘာသာရပ်ရွေးချယ်ခွင့်ကို လွတ်လပ်စွာရွေးချယ်ခွင့်ရှိပြီး ကျောင်းအုပ်များမှ ရွေးချယ်ပေးပိုင်ခွင့်မရှိကြောင်း အမှတ် (၃) အခြေခံ ပညာဦးစီးဌာနမှ သိရသည်။

တက္ကသိုလ်ဝင်တန်း ကျောင်းအပ်လျှောက်ထားသည့် ကျောင်းသားများသည် ကိုးတန်းတွင် ဘိုင်အိုတွဲ ဖြင့်သင်ကြားခဲ့သော်လည်း တက္ကသိုလ်ဝင်တန်းတွင် အခြားဘာသာရပ်များသို့ ပြောင်းပိုင်ခွင့်ရှိကြောင်း၊ အခြားဘာသာရပ်များမှ ဘိုင်အိုတွဲသို့သာ ပြောင်းခွင့်မရှိကြောင်း ယင်းဌာနမှသိရသည်။

“ဘိုင်အိုကနေ အီကိုပြောင်းခွင့်ရှိတယ်။ အီကိုကနေသာ ဘိုင်အိုကိုပြောင်းခွင့်မရှိတာ။ ဘိုင်အိုကနေ တခြားဘာသာရပ်ကိုပြောင်းရင် လက်လှမ်းမီနိုင်တယ်။ တခြားဘာသာကနေ ဘိုင်အိုကိုပြောင်းတာက လက်လှမ်းမမီနိုင်ဘူး” ဟု အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးကပြောသည်။
ကျောင်းသားများ၏ ဘာသာရပ်ရွေးချယ်ခွင့်ကို ကျောင်းအုပ်များမှ ရွေးချယ်ပေးပိုင်ခွင့်မရှိဘဲ ကျောင်း သားရွေးချယ်သည့် ဘာသာရပ်ကိုခွင့်ပြုပေးရမည်ဟု ဗဟန်းပညာရေးမှူးရုံးမှ လက်ထောက်ပညာရေး မှူးကပြောသည်။

အ.ထ.က(၂) ဒဂုံမှ ပညာရေးဝန်ထမ်းတစ်ဦးက ကျောင်းသားများ ကျောင်းအပ်ချိန်တွင် လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးထားပြီး ကျောင်းသားကိုယ်တိုင် သင်ယူလိုသည့်ဘာသာရပ်ကို ရွေးချယ်ရမည်ဖြစ် ကြောင်း ပြောသည်။

“အမှန်က ဘာသာရပ်တွေကို လွတ်လပ်စွာ ရွေးခွင့်ပေးသင့်တယ်။ အခုပုံစံက သိပ္ပံကနေ ဝိပ္ပံ/ဝိဇ္ဇာက နေ သိပ္ပံကိုပြောင်းလို့မရဘူး။ လွှတ်ပေးထားရမှာ။ လိုချင်တာကိုယူ သူမလိုက်နိုင်ရင် သူပဲမဖြေနိုင်မှာ။ ဘာသာရပ်ရွေးတာကိုလဲ ကျောင်းအုပ်တွေက ဝင်ရွေးပေးလို့မရဘူး။ ကျောင်းသားကိုယ်တိုင်ပဲ ရွေးရ တာ” ဟု ယင်းကဆိုသည်။

ယင်းသို့ဘာသာတွဲရွေးချယ်ခွင့်အား လွတ်လပ်စွာပေးထားသော်လည်း ကျောင်းတချို့တွင် ကျောင်း အုပ်တချို့က ကျောင်းသားများက ဘိုင်အိုတွဲမှ အီကိုတွဲသို့ပြောင်းလဲလျှောက်ထားရာတွင် ပြောင်းလဲ ခွင့်မပေးသည့်ဖြစ်စဉ်များရှိနေကြောင်း သိရသည်။

“ကျွန်တော့်သမီးက ကိုးတန်းတုန်းက ဘိုင်အိုကိုယူပြီးတက်တယ်။ ဆယ်တန်းကျတော့ ဘိုင်အိုကိုမနိုင် လို့အီကိုတွဲပြောင်းတာ ကျောင်းအုပ်ကပြောင်းမပြေးဘဲ ဘိုင်အိုနဲ့ကျောင်းဆက်မတက်ချင်ရင် ကျောင်း ပြောင်းလို့ရတယ်လို့ ပြောတယ်။ အဲဒါကြောင့်ကျောင်းပြောင်းတဲ့ ကျောင်းသားတွေလဲတော်တော်များ တယ်။ သူကဘာလို့လဲဆိုတာလဲ မပြောဘူး။ အေခန်းကလူတွေကျတော့ ပြောင်းခွင့်ပေးတယ်။ အေ ခန်းကကျောင်းသားပြောင်းလို့ရရင် ကျန်တဲ့သူတွေပါပြောင်းခွင့်ရရမှာပေါ့။ အခုဆိုရင် ကျွန်တာ့်သမီးကို အီကိုတွဲပြောင်းခွင့်ရတဲ့ကျောင်းမှာပဲ ကျောင်းထားလိုက်တော့တယ်” ဟုအလုံမြို့နယ်မှ ကျောင်းသား မိဘတစ်ဦးဖြစ်သူ ကိုဇေယျကပြောသည်။

Democracy Today Daily
မေလ (၃၁) ရက်၊ ၂၀၁၄ ခုနှစ်

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More