ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်၊ တိုးချဲ့(၅)လမ်းရှိ သန္တာမြီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ အလုပ်မှုဆောင် ရွေးချယ်ခြင်းနှင့် စည်းမျည်းစည်းကမ်း အတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် ကျောင်းသူ/သားများနှင့် မှတ်တမ်းဓာတ်ပုံများ

Saturday, June 7, 2014

အခြေခံပညာကျောင်းအချို့ ဝင်ခွင့်လက်ခံသည့်မူများထဲတွင် ဒုဝန်ကြီးနှင့်အထက် အကြီးအကဲများက ထောက်ခံပေးသူကို လက်ခံရန်အချက်တစ်ချက်အဖြစ် ထုတ်ပြန်ထား

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPAPfmOAQe1b3GkRgkDpazxha30xFipIV1h7q_JPs_huFDwubJRWGyzXu52PZJCTryCbkNLQmQFRZTk54o-1MHqx4f0q9Xoo3hKR_zMB6tk0jF-idOe3fZ97suxPaDoJjJDjgzzpkQGSo/s1600/986270.jpg
အခြေခံပညာကျောင်းအချို့ ဝင်ခွင့်လက်ခံသည့်မူများထဲတွင် ဒုဝန်ကြီးနှင့်အထက် အကြီးအကဲများက ထောက်ခံပေးသူကိုလက်ခံရန်အချက်တစ်ချက်အဖြစ် ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ နာမည်ကြီးကျောင်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဗိုလ်တ ထောင်မြို့နယ်ရှိ အမှတ် (၅)၊ အခြေခံပညာအထက်တန်းကျောင်းမှ သူငယ်တန်းကျောင်းသားသစ်များ အတွက် ကျောင်းဝင်ခွင့်ပြုသည့်မူများအား ထုတ်ပြန်ကြေညာရာတွင် ၄၅ လမ်းနှင့် ၄၆ လမ်းအတွက် သန်းခေါင်စာရင်းသက်တမ်းအနည်းဆုံး ခြောက်လကျော်ရှိသူများ၊ ၎င်းတို့ကျောင်းတွင် စာရင်းဝင်တက် ရောက်ဆဲကျောင်းသား၊ ကျောင်းသူများ၏ မောင်နှမအရင်းအချာများ၊ ဒုဝန်ကြီးနှင့်အထက် ထောက်ခံ သူများ၊ ပညာရေးဝန်ကြီးဌာနနှင့် အကြီးအကဲများမှ ထောက်ခံသူများ၊ အမှတ် (၃)၊ အခြေခံပညာဦးစီး ဌာနမူကြိုမှ ကျောင်းအပ်မည့်သူများ၊ ၎င်းတို့ကျောင်းမှ ဆရာ၊ ဆရာမများ၏ သားသမီးအရင်းအချာများ အား ကျောင်းဝင်ခွင့်ပြုရာတွင် လက်ခံသည့်မူများအဖြစ် ထုတ်ပြန်ကြေညာထားခဲ့သည်။

“မိဘတွေကသားသမီးတွေကို ကျောင်းအပ်တဲ့ခါမှာ အစွဲနဲ့နာမည်ကြီးကျောင်းတွေကိုပဲ အပ်ချင်ကြ တယ်။ အပ်ဖို့လည်းကြိုးစားကြတယ်။ မရရင်လည်းပေါက်ကွဲကြတယ်။ ကျောင်းဝင်ခွင့်တွေကလည်း ဦးစားပေးအဆင့်တွေနဲ့ အဆင့်ဆင့်သတ်မှတ်ခွဲခြားထားပြီးတော့ ဝင်ခွင့်အတွက်ရွေးချယ်ခွင့်ပြုကြတာ ဖြစ်ပါတယ်။ ဝန်းထမ်းသားသမီးတွေကိုတော့ ဦးစားပေးလက်ခံကြတာတော့ ရှိတာပေါ့” ဟု ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မိဘများအနေဖြင့် မိမိတို့၏ သားသမီးများပညာရေးအတွက် မြို့နယ်ကျော်၊ နယ်ကျော်၊ ရပ်ကွက်ကျော် ၍ကျောင်းအပ်နှံရာတွင် ကြိုးစားလေ့ကြိုးစားထရှိသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နာမည်ကြီး ကျောင်းအများစုမှာ ရန်ကုန်ပညာရေး တက္ကသိုလ်လေ့ကျင့်ရေးအထက်တန်းကျောင်း (TTC)၊ အ.ထ.က(၁)ဒဂုံ၊ အ.ထ.က(၂)ဒဂုံ၊ အ.ထ.က(၂)မင်္ဂလာဒုံ (လှသောင်းကျောင်း)၊ အ.ထ.က(၂) ကမာ ရွတ် (စိန်သြဂတ်စတင်းကျောင်း)၊ အ.ထ.က(၂) စမ်းချောင်း၊ အ.ထ.က(၂) လသာ၊ အ.ထ.က(၅) ဗိုလ်တထောင်၊ အ.ထ.က(၂) ဗဟန်း၊ အ.ထ.က(၂) ရန်ကင်း၊ ကျောက်ကုန်း၊ အ.လ.က(၁) ဒဂုံတို့ ဖြစ်ကြသည်။ အဆိုပါကျောင်းများသည်လည်း သင်ထောက်ကူပစ္စည်းများ ပြည့်စုံခြင်း၊ အခြေခံကောင်း များရရှိခြင်း၊ ကျောင်းသားများ၏ ဘဝတစ်ဆစ်ချိုး အပြောင်းအလဲတွင် အရေးပါသည့်တက္ကသိုလ်ဝင် တန်းစာမေးပွဲ၌ အောင်ချက်ရာခိုင်နှုန်း ကောင်းမွန်ခြင်း၊ ဂုဏ်ထူးရရှိမှုနှုန်း မြင့်မားခြင်းစသည့်နံမည် ဂုဏ်သတင်းကောင်းများထွက်ပေါ်ခြင်းတို့ကြောင့် ကျောင်းသားမိဘများ၏ စိတ်ဝင်စားမှု ပိုမိုရရှိကြပြီး မိမိတို့သားသမီးများ၏ ဘဝနောင်ရေးအတွက် အာမခံချက်ကောင်းများပေးစွမ်းနိုင်သည့် ကျောင်းများ အဖြစ်သတ်မှတ်ကာ ကျောင်းဝင်ခွင့်ရရှိရေးအတွက်ကြိုးပမ်းလေ့ရှိကြပြီး ကျောင်းဝင်ခွင့်ပြုသည့်အ
 ပေါ်တွင်လည်း နှစ်စဉ်နှစ်တိုင်း ဝေဖန်မှုများထွက်ပေါ်သည့် ကျောင်းများဖြစ်ကြသည်။

အ.ထ.က(၂) ဒဂုံကျောင်းအုပ်ဆရာကြီးက “ဆရာတို့ကျောင်းမှာကတော့ ကျောင်းဝင်ခွင့် လက်ခံတဲ့ အခါမှာ ကျောင်းရဲ့ဝင်ဆံ့အင်အား၊ ကျောင်းရဲ့လက်ခံနိုင်တဲ့ ကျောင်းသားဦးရေ ပမာဏအတိုင်းလက် ခံပါတယ်။ ဒီလိုလက်ခံတဲ့နေရာမှာ ပထမဆုံးအနေနဲ့ ကျောင်းရဲ့ပတ်ဝန်းကျင်၊ ကျောင်းတည်ရှိရာ ရပ်ကွက်ထဲက ကလေးတွေကိုဦးစားပေးပေါ့။ ဒုတိယဦးစားပေးက ကျောင်းတည်ရှိရာရပ်ကွက်ထဲက ကလေးတွေကိုဦးစားပေးပေါ့။ ဒုတိယဦးစားပေးကကျောင်းတည်ရှိရာ မြို့နယ်ထဲကကလေးတွေပြီး တော့ အဲဒါတွေပြီးလို့ ကျောင်းကထပ်လက်ခံနိုင်သေးတယ်ဆိုရင်တော့ ကျောင်းရဲ့ဝင်ဆံ့နိုင်တဲ့ အင်အားကလိုသေးတယ်ဆိုရင် အခြားမြို့နယ်က ကလေးတွေကိုပါ လက်ခံတယ်။ ဒါပေမဲ့ အခုပြောခဲ့ သလို အနေအထားထဲမှာမပါဘဲ ဆရာတို့ကျောင်းဆီမှာ ကျောင်းတက်ချင်လို့ မေတ္တာရပ်ခံချက်နဲ့ လာအပ်တဲ့အနေအထားပေါ်မူတည်ပြီး လက်ခံပေးပါတယ်။ တစ်စုံတစ်ယောက်ရဲ့ မေတ္တာရပ်ခံချက် ပေါ့။ ဝန်ကြီးမှရယ် မဟုတ်ပါဘူး။ ဆရာတို့အနေနဲ့ အလေးထားရမယ့်သူတစ်ယောက်ယောက်ရဲ့ မေတ္တာရပ်ခံချက်ပါ။ ဥပမာအားဖြင့် ဘုန်းကြီးတို့၊ အငြိမ်းစား ကျောင်းအုပ်ဆရာကြီးတို့၊ မိဘဆရာ အသင်းအမှုဆောင်ထဲမှာပါတဲ့ ပုဂ္ဂိုလ်စသဖြင့်ပေါ့။ အဲဒါမျိုးဆိုရင်တော့ ကိုယ့်ကျောင်းရဲ့ လက်ခံနိုင်တဲ့ အင်အားထက် လွန်သွားရင်လည်းပဲ လက်ခံပေးရတာပေါ့။ ဒါပါပဲ။ အခြားထွေထွေထူးထူး ညွှန်ကြား ချက်တွေဘာတွေ မရှိပါဘူး” ဟု ဆိုသည်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံရာ၌ ကျောင်းဝင်ခွင့်ပြုပုံစံနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ ရန်ကင်းပညာရေးကောလိပ် လေ့ကျင့်ရေးအလယ်တန်း ကျောင်းတွင်လည်း ပဋိပက္ခအပေါ် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စစ်ဆေးမှုများပြုလုပ် ရန် သက်ဆိုင်ရာသို့ ညွှန်ကြားမှုများ ပြုလုပ်ခဲ့သည့်အတွက် ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် မှဦးဆောင်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး မကြာမီဆုံးဖြတ်ချက်များ ထွက်ပေါ်လာနိုင်ဖွယ် ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

Daily Eleven
မေလ (၂၉) ရက်၊ ၂၀၁၄ ခုနှစ်

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More