ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်၊ တိုးချဲ့(၅)လမ်းရှိ သန္တာမြီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ အလုပ်မှုဆောင် ရွေးချယ်ခြင်းနှင့် စည်းမျည်းစည်းကမ်း အတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် ကျောင်းသူ/သားများနှင့် မှတ်တမ်းဓာတ်ပုံများ

Wednesday, June 4, 2014

မြန်မာလူငယ်မျိုးဆက်များသည် မိဘများထက် ပညာရေးနိမ့်ကျနေဟု ဗြိတိန်အမတ်များ သုံးသပ်


ရန်ကုန်၊ မေ-၁၆

မြန်မာနိုင်ငံ၏ ထူးခြားသော ပြဿနာတစ်ခုမှာ လူငယ်မျိုးဆက်များသည် ၎င်းတို့မိဘများထက် ပညာရေးနိမ့်ကျနေကြောင်း ဗြိတိန်အမတ်များ၏ မြန်မာနိုင်ငံဆိုင်ရာ လေ့လာသုံးသပ်ရေးအစီရင်ခံစာ၌ ဖော်ပြထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ပညာရေးအတွက် သိသိသာသာ ထောက်ပံ့မှုတိုးမြှင့်ရန်နှင့် ဆရာအတတ်သင်တန်းများ ဦးစားပေးရန် ဗြိတိန်လွှတ်တော်အမတ်များ၏ တိုက်တွန်းမှုကို ဗြိတိန်အစိုးရက သဘောတူညီခဲ့သည်။

လက်ရှိချိန်အတွင် ဗြိတိန်အစိုးရသည် မြန်မာနိုင်ငံရှိ ပညာရေးတက္ကသိုလ်၊ ကောလိပ်များတွင် အင်္ဂလိပ်ဘာသာသင်တန်းနည်းပြများထားရှိ၍ သင်ကြားပို့ချစေမည့် စီမံကိန်းအတွက် အမေရိကန်ဒေါ်လာခုနစ်သန်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးနှင့် ရပ်ရွာအခြေပြု ပညာရေးအစီအစဉ်များအတွက် ဩစတြေးလျနိုင်ငံနှင့် ပူးပေါင်းကာ အမေရိကန်ဒေါ်လာ ၂၂ သန်း ထောက်ပံ့ရန် သဘောတူထားပြီးဖြစ်သည်။

 ‘‘စက်တင်ဘာလထဲလာမှာပါ။ ပညာရေးကောလိပ်တွေမှာ ထားမယ်။ သူတို့ကလည်း ကောလိပ်တွေမှာပဲ နေချင်တယ်ပြောတယ်။ အင်္ဂလိပ်စာရော၊ သင်ကြားနည်းစနစ်တွေ သင်ကြားပို့ချပေးမှာပါ’’ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူက သင်ကြားပို့ချမည့် အစီအစဉ်ကိုပြောသည်။ ဗြိတိန်လွှတ်တော်အမတ်များသည် မြန်မာနိုင်ငံသို့ ကိုးရက်ကြာလာရောက်၍ ဗြိတိန်နိုင်ငံ၏ ကူညီထောက်ပံ့မှုအခြေအနေများကို လေ့လာသုံးသပ်ပြီး အစီရင်ခံစာထုတ်ပြန်ရာတွင် မြန်မာလူငယ်များ၏ ပညာရေးကို ဝေဖန်သုံးသပ်ထားခြင်း ဖြစ်သည်။

____ 7Days

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More