ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်၊ တိုးချဲ့(၅)လမ်းရှိ သန္တာမြီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ အလုပ်မှုဆောင် ရွေးချယ်ခြင်းနှင့် စည်းမျည်းစည်းကမ်း အတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် ကျောင်းသူ/သားများနှင့် မှတ်တမ်းဓာတ်ပုံများ

Wednesday, June 4, 2014

ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် နော်ဝေးနည်းပညာတက္ကသိုလ်တို့ စီမံခန့်ခွဲမှုမဟာဘွဲ့သင်တန်းအတွက် ပူးပေါင်းရန် လက်မှတ်ထိုး

ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် နော်ဝေးသိပ္ပံနှင့် နည်းပညာတက္ကသိုလ်တို့သည် စီမံခန့်ခွဲမှုမဟာဘွဲ့သင်တန်းအတွက် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တွင် စီမံခန့်ခွဲမှုမဟာဘွဲ့ကို မဟာဗျူဟာစီမံကိန်းချ၍ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး ဆက်စပ်ဘာသာရပ်များဖြစ်သော အိုင်စီတီနှင့် စွမ်းအင်ဆိုင်ရာ ဘာသာရပ်များကို ခေတ်မီနည်းပညာရပ်များဖြင့် ပေါင်းစပ်ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း သိရသည်။

‘‘အခုကတော့ ကနဦးလက်မှတ်ရေးထိုးတဲ့ အဆင့်ပါပဲ။ အရည်အချင်းပြည့်မီတဲ့ စီမံခန့်ခွဲမှုပညာရှင်တွေ ပေါ်ထွက်လာအောင်ပါ။ လက်ရှိကတော့ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ MBA သင်တန်းဖွင့်ထားတာ ရှိပါတယ်။ ဒါကတော့ နောက်ထပ် အသစ်ဖြစ်လာနိုင်တာပေါ့’’ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ တာဝန်ရှိသူကပြောသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်သည် ယခုနှစ်ပိုင်းတွင် နိုင်ငံတကာပညာရေးအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လျက်ရှိပြီး ဖေဖော်ဝါရီလက ဂျပန်နိုင်ငံရှိ အာရှပစိဖိတ်တက္ကသိုလ်နှင့် ပညာရေးပူးပေါင်းမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးထားသည်။

လက်ရှိအချိန်တွင် ဂျပန်၊ အမေရိကန်၊ နော်ဝေး၊ ထိုင်း စသည့်နိုင်ငံများမှ တက္ကသိုလ်များနှင့် ပညာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပြီး အခြားတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ်များရှိကြောင်း သိရသည်။
 
 
____ 7Days

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More