ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်၊ တိုးချဲ့(၅)လမ်းရှိ သန္တာမြီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ အလုပ်မှုဆောင် ရွေးချယ်ခြင်းနှင့် စည်းမျည်းစည်းကမ်း အတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် ကျောင်းသူ/သားများနှင့် မှတ်တမ်းဓာတ်ပုံများ

Wednesday, June 4, 2014

ပြည်ပတက္ကသိုလ်များတွင် ပညာရေးဘာသာရပ် သွားရောက်သင်ယူသူမြင့်တက်

၂၀၁၄-၁၅ ပညာသင်နှစ်၊ ပြည်ပတက္ကသိုလ်များ၌ သွားရောက်ပညာသင်ယူသူများတွင် ပညာရေးဘာသာရပ် ရွေးချယ်သူများ ထိပ်ဆုံးကဦးဆောင်နေကြောင်း သပြေပညာရေးဖောင်ဒေးရှင်း၏ ပညာသင်ဆုနှင့် ကျောင်းသားများကူညီပံ့ပိုးမှုဌာန (SSSD)မှ သတင်းရရှိသည်။

ပြည်ပတက္ကသိုလ်များတွင် ပညာသင်ဆုရရှိသူ ၁၈၉ ဦးထဲမှ ပညာရေးဘာသာရပ်သင်ယူမည့် သူ ၅၄ ဦး၊ ကျန်းမာရေးဘာသာရပ်သင်ယူမည့်သူ ၄၆ ဦး၊ ဖွံ့ဖြိုးတိုးတက်ရေးဘာသာရပ် သင်ယူမည့်သူ ၃၁ ဦး၊ လူမှုရေးသိပ္ပံဘာသာရပ် သင်ယူမည့်သူ ၂၄ ဦး၊ နိုင်ငံရေးဘာသာရပ် သင်ယူမည့်သူ ၂၄ ဦးနှင့် လူမှုဆက်ဆံရေးဘာသာရပ် သင်ယူမည့်သူ ၁၀ ဦးရှိကြောင်း သိရသည်။

ပညာသင်ဆုရရှိသူများတွင် ဗမာက ၄၉ ဦးဖြင့် အများဆုံးပါဝင်ပြီး ကရင် ၄၁ ဦး၊ ကချင် ၂၅ ဦး၊ ရှမ်း ၂၁ ဦး၊ ကယား ၁၀ ဦး၊ ချင်းကိုးဦး၊ ရခိုင်ခြောက်ဦး၊ မွန်ငါးဦးနှင့် အခြားတိုင်းရင်းသား ၂၄ ဦး ပါဝင်နေသည်။
ပြည်ပတက္ကသိုလ်များသို့ ပညာသင်ဆုဖြင့် သွားရောက်ရာတွင် ထိုင်းနိုင်ငံရှိ တက္ကသိုလ်များသို့ ၁၄၅ ဦးဖြင့် အများဆုံးသွားရောက်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံရှိ တက္ကသိုလ်များသို့ ၂၁ ဦး၊ ဟောင်ကောင်တက္ကသိုလ်များသို့ ၁၂ ဦးနှင့် အခြားသူများက ဒေသတွင်းတက္ကသိုလ်များတွင် တက်ရောက်ကြမည်ဖြစ်သည်။

သပြေဖောင်ဒေးရှင်းသည် ပြည်ပနိုင်ငံများရှိ တက္ကသိုလ်များတွင် ပညာသင်ဆု လျှောက်ထားလိုသော မြန်မာလူငယ်များကို အကြံပေးဝန်ဆောင်မှု ဆောင်ရွက်နေခြင်းဖြစ်ပြီး အထက်ပါစစ်တမ်းသည် သပြေဖောင်ဒေးရှင်းမှတစ်ဆင့် ပညာသင်ဆုရရှိသွားခဲ့သူများအပေါ် အခြေခံထုတ်ပြန်ထားခြင်းဖြစ်သည်။
 
________ 7Days

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More