ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်၊ တိုးချဲ့(၅)လမ်းရှိ သန္တာမြီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ အလုပ်မှုဆောင် ရွေးချယ်ခြင်းနှင့် စည်းမျည်းစည်းကမ်း အတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် ကျောင်းသူ/သားများနှင့် မှတ်တမ်းဓာတ်ပုံများ

Saturday, June 7, 2014

ချင်းတိုင်းရင်းသား တစ်သိန်းကျော်နေထိုင်လျက်ရှိသည့် ရခိုင်ပြည်နယ်အတွင်း ချင်းစာပေသင်ကြား ပေးနိုင်ရန် စီစဉ်နေ

http://farm9.static.flickr.com/8101/8577667524_dcebe068dc.jpg
ချင်းတိုင်းရင်းသား တစ်သိန်းကျော် နေထိုင်လျက်ရှိသည့် ရခိုင်ပြည်နယ်အတွင်း ယခုနှစ်ပညာသင်နှစ်မှ စတင်ကာချင်းစာပေ သင်ကြားပေးနိုင်ရန်စီစဉ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ချင်းတိုင်းရင်း သားရေးရာဝန်ကြီး ဦးကိုကိုနိုင်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ကျောင်းနေအရွယ် ချင်းတိုင်းရင်းသား ကလေးငယ်များကို စုမ်းတူချင်းစာပေ၊ လေးတူချင်းစာပေသုံးမျိုးသင်ကြားရန် စီစဉ်ထားပြီး သင်ရိုးညွှန်းတမ်း စာအုပ်များကို ပညာရေးဝန်ကြီး ဌာနထံသို့ ၂၀၁၃ ခုနှစ်အတွင်းက တင်ပြထားပြီးဖြစ်သည့်အပြင် ယခုလ ၇ ရက်ကလည်း ပြည်ထောင် စုအစိုးရအဖွဲ့ထံ ပြည်နယ်အစိုးရအဖွဲ့က ပေးပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“တိုင်းရင်းသား လူမျိုးတိုင်းမှာ ရိုးရာယဉ်ကျေးမှုဆိုတာရှိပါတယ်။ ဒီရိုးရာယဉ်ကျေးမှုတွေ မပျောက် ကွယ်ဖို့ရယ်၊ တိမ်မြုပ်နေတဲ့ရိုးရာယဉ်ကျေးမှုတွေ ပြန်လည်ဖော်ထုတ်ဖို့ရယ်၊ ခေတ်နဲ့အညီ ဆန်းသစ်ဖို့ ရယ်ကို မိမိတို့ပြောနေတဲ့ ဘာသာစကားနဲ့ မှတ်တမ်းတင်ဖို့ လွယ်ကူအောင်ဆိုပြီး ချင်းစာပေသင်ကြား ဖို့စီစဉ်ရတာဖြစ်ပါတယ်။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ သင်ကြားနိုင်မယ်လို့ထင်ပါတယ်” ဟု ရခိုင် ပြည်နယ်အစိုးရအဖွဲ့မှ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးကိုကိုနိုင်ကပြောသည်။

ချင်းစာပေများကို ရခိုင်ပြည်နယ်အတွင်း ချင်းတိုင်းရင်းသားများ နေထိုင်သည့်ဒေသများရှိ အစိုးရ ကျောင်းများတွင် သင်ကြားသွားမည်ဖြစ်ပြီး လက်ရှိစာပေသုံးမျိုးစလုံးအတွက် သင်တန်းဆင်း ဆရာ၊ ဆရာမများလည်း အဆင်သင့်ရှိသည့်အတွက် ကျောင်းသား ၃၀ ဦးလျှင်ဆရာတစ်ဦးနှုန်းဖြင့် သင်ကြား သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“ဟိုနှစ်ကတော့ဝန်ကြီးဦးကိုကိုနိုင်က စီစဉ်နေတယ်ဆိုတာ သိရတယ်။ အခုတော့ ကျွန်မတို့ဘက်က ခုထိဘာမှမသိသေးဘူး။ ဘာမှလဲလာမပြောဘူး။ ကျွန်မတို့ဘက်ကတော့ လူနည်းတယ်လေ။ အမ်းမြို့ နယ်ဘက်မှာတော့ သင်တန်းတွေဘာတွေတက်ရတယ်လို့ ပြောသံကြားတယ်” ဟုရခိုင်ပြည်နယ်အ တွင်းမှ ချင်းတိုင်းရင်းသူ ဒေါ်မြရီကပြောသည်။

အဆိုပါ စာပေသင်ကြားနိုင်ရန် ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ရခိုင်ပြည်နယ်လွှတ်တော်အစည်း အဝေးကျင်းပခဲ့စဉ်ကတည်းက စီစဉ်ခဲ့ခြင်းဖြစ်ပြီး ယခင်ကတည်းကလည်း ဘာသာဗေဒ တတ်ကျွမ်း သည့်ပညာရှင်များ၊ စာပေမြတ်နိုးသူများနှင့် ချင်းစာပေကို ပြုစုနေခဲ့ကြသည်မှာ နှစ်ပေါင်းအတော်ကြာ မြင့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း မြို့နယ်တိုင်းနီးပါးတွင် ချင်းတိုင်းရင်းသားများ နေထိုင်လျက်ရှိပြီး အများစုမှာ အမ်းမြို့နယ်၊ မြေပုံမြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

Democracy Today Daily
မေလ (၂၉) ရက်၊ ၂၀၁၄ ခုနှစ်

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More