ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်၊ တိုးချဲ့(၅)လမ်းရှိ သန္တာမြီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ အလုပ်မှုဆောင် ရွေးချယ်ခြင်းနှင့် စည်းမျည်းစည်းကမ်း အတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် ကျောင်းသူ/သားများနှင့် မှတ်တမ်းဓာတ်ပုံများ

Saturday, June 7, 2014

ကျောင်းအပ်ချိန် ငွေကြေးကောက်ခံခြင်းများကို အွန်လိုင်းတွင်ဖော်ထုတ်ရေးသားရုံဖြင့် ထိရောက်စွာ အရေးယူနိုင်မည်မဟုတ်ဟုဆို

Published on Friday, 06 June 2014 03:40
http://www.nippon-foundation.or.jp/en/what/spotlight/myanmar/story1/index.jpg
ကျောင်းအပ်ချိန်ငွေကြေးကောက်ခံခြင်းများကို အွန်လိုင်းတွင်ရေးသားဖွင့်ဟရေးသားကြရုံဖြင့် အရေး ယူဆောင်ရွက်ပေးနိုင်မည် မဟုတ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ် ဦးကပြောသည်။

ကျောင်းအပ်ရာသီတွင် အခြေခံပညာကျောင်းများ၏ ဝင်ခွင့်အတွက်ကောက်ခံသည့် ငွေကြေးများကို ပေးဆောင်နေရသည့်အတွက် အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများတွင် ကျောင်းသားမိဘများမှ ဖွင့်ဟရေးသားနေကြသော်လည်း ပညာရေးဌာနမှ အရေးယူပေးနိုင်မည်မဟုတ်ကြောင်း၊ တိကျသည့် သက်သေအခိုင်အမာဖြင့် သက်ဆိုင်ရာသို့တိုင်ကြားလာမှသာ အပြစ်ပေးအရေးယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ငွေကြေးကောက်ခံတာတွေကို အွန်လိုင်းပေါ်မှာ တင်ကြရုံနဲ့တော့ဌာနရဲ့ စည်းမျဉ်းစည်းကမ်းအရ ကိုက်ညီမှုမရှိလို့ အရေးယူပေးနိုင်မှာ မဟုတ်ဘူး။ ကိုယ့်ဘက်ကတိကျတဲ့ သက်သေအထောက်အ ထားနဲ့ တိုင်ကြားလို့စစ်ဆေးတွေ့ရှိရင်တော့ ထိထိရောက်ရောက် အရေးယူပေးနိုင်မှာပါ” ဟု အဆိုပါ ညွှန်ကြားရေးမှူးကပြောသည်။

ကျောင်းသားမိဘများအနေဖြင့် အခြေခံပညာကျောင်းများသို့ ငွေကြေးပေးဆောင်နေရပါက တိကျ သောသက်သေ အထောက်အထားဖြင့် သက်ဆိုင်ရာဦးစီးဌာန သို့မဟုတ် မြို့နယ်ပညာရေးမှူးရုံးသို့ တိုင်ကြားနိုင်ကြောင်း၊ ယင်းသို့တိုင်ကြားလာပါက ဌာန၏ သတ်မှတ်ချက်အစီအစဉ်အတိုင်း စစ်ဆေး ကာမှန်ကန်ပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

“ဖေ့ဘွတ်ခ်မှာတော့ အခုလတ်တလောမှာ ကျောင်းအလှူငွေကောက်ခံတာတွေနဲ့ ပတ်သက်ပြီး ရေးထားကြတာတွေ တွေ့နေရတယ်။ ဒီမနက်ဆိုရင်ပဲ ဗိုလ်တထောင်မြို့နယ်က ကျောင်းတစ်ကျောင်း ကငါးသိန်းတောင်းတယ်ဆိုတာမျိုး ဖတ်လိုက်ရတယ်။ ဒါတွေကိုသေသေချာချာ အရေးယူစေချင်ရင် တော့ ကာယကံရှင်တွေကိုယ်တိုင်က သေချာတိုင်ကြားကြဖို့ လိုမယ်ထင်တယ်။ မဟုတ်ရင်တော့ ဒါတွေကဒီအချိန်ကြားနေကြ ဇာတ်လမ်းတွေအနေနဲ့ပဲ ပြီးသွားမှာ။ ဘာမှထူးလာမှာမဟုတ်ဘူး” ဟု ဝက်ဘ်ဆိုက်တည်ထောင်သည့် လုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသူ ကိုဟိန်းသူကဆိုသည်။

ပြီးခဲ့သည့်မေလ ဒုတိယပတ်ခန့်က ရန်ကင်းမြို့နယ်စံပြလေ့ကျင့်ရေးကျောင်းတွင် ကျောင်းအပ်လက်ခံ မှုနှင့်ပတ်သက်ပြီး ငွေကြေးကောက်ခံခြင်း မဟုတ်သော်လည်း ဝန်ကြီးလက်မှတ်ပါတောင်းခိုင်း၍ ကျောင်းသားမိဘက လူမှုကွန်ရက်စာမျက်နှာတွင် ဖွင့်ဟရေးသားခဲ့ရာမှ ယင်းကိစ္စကို သက်ဆိုင်ရာတာ ဝန်ရှိသူများက ဖော်ထုတ်အရေးယူရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း သိရသည်။

Democracy Today Daily
မေလ (၂၉) ရက်၊ ၂၀၁၄ ခုနှစ်

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More